အပြင်လောကက မိုးမိုးအေးလိုဘဝတူ Single Mother တစ်ယောက်ကို စီးပွားရေးလုပ်ဖို့ မတည်ငွေလှူဒါန်းပေးခဲ့တဲ့ ပိုးကြာဖြူခင်

အပြင်လောကက မိုးမိုးအေးလိုဘဝတူ Single Mother တစ်ယောက်ကို စီးပွားရေးလုပ်ဖို့ မတည်ငွေလှူဒါန်းပေးခဲ့တဲ့ ပိုးကြာဖြူခင်

 

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ မနေ့ကမွန်မြတ်လှတဲ့အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ လတ်တလောမှာထုတ်လွှင့်ပြသနေတဲ့ ကွက်လပ်မရှိဇာတ်လမ်းတွဲမှာ သူ့ရဲ့ဇာတ်ရုပ်ဖြစ်တဲ့မိုးမိုးအေးလို ဘဝမျိုးကိုကြုံတွေနေရတဲ့ Single Mother တစ်ယောက်ကို ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။

ပိုးကြာဖြူခင်ကတော့ ကူညီထောက်ပံ့တဲ့အလှူလေးပြုလုပ်ခဲ့ကြောင်း “ကွက်လပ်မရှိဇာတ်လမ်းတွဲထဲက လို မိုးမိုးအေးနဲ့ ဘဝတူ ရွှေပြည်သာက Single mother တစ်ယောက်ဖြစ်တဲ့ မခင်ပြည့်စုံ အတွက် မုန့်ဟင်းခါးဆိုင်လေးဖွင့်ဖို့အတွက် မတည်အလှူငွေ ၁၀ သိန်း လှူဒါန်းပေးခဲ့ပါတယ်ရှင်။ ဒီအမ ရဲ့ သားတွေ အပေါ်ထားတဲ့ မေတ္တာနဲ့ ဘဝကို သတ္တိရှိရှိ ရဲရဲရင့်ရင့် ကြိုးစားဖြတ်သန်းရဲတဲ့ စိတ်ဓါတ်ကို ချီးကျူး အားကျမိတဲ့အတွက် အခု လို ကူညီ ဖေးမ ခဲ့တာပါ။ သားလေးတွေကလဲ ဆော့လိုက်တာ။ ချစ်စရာလေးတွေ ဒီနေ့လှူဒါန်းမှု ရဲ့ ကောင်းမှုကုသိုလ်ကို MRTV-4 မှာ လက်ရှိပြသနေတဲ့ ကွက်လပ်မရှိ ဇာတ်လမ်းတွဲနဲ့ မိုးမိုးအေးရဲ့ ပရိတ်သာတ်များအားလုံး ထပ်တူပီတိရရှိပါစေ။

ကမ္ဘာပေါ်ရှိ single mother အားလုံးလဲ ဘဝ ကို အဆင်ပြေ အောင်မြင်လွယ်ကူစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင်။”ဆိုပြီး ကောင်းမှုတွေကို ချစ်ပေးကြတဲ့ ပရိသတ်တွေလည်း ကုသိုလ်တွေကို ထပ်တူရရှိစေဖို့ မျှဝေထားခဲ့ပါတယ်။ပရိသတ်ကြီးတွေလည်း မိုးမိုးရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*